颐和园
Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ Lou Ye ရဲ့လိင်မှုခန်းတွေဟာ ပီပြင်သမှုနဲ့ နာမည်ကျော်ပြီးသားဆိုတော့ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ Summer Palace ရဲ့ လိင်မှုခန်းတွေကတော့ ဒီတိုင်းတင်မဟုတ်ဘဲ နိုင်ငံရေးအခြေအနေတွေကိုပါ ပုံဖော်ထားတယ်လည်း ပြောကြတယ်။
- နှစ်: 2006
- နိုင်ငံ: China
- အမျိုးအစား: Drama, Romance
- စတူဒီယို: CNC, Flying Moon Filmproduktion GmbH, Dream Factory, Laurel Films, Norman Rosemont Productions, Rosem Films (F)
- သော့ချက်စာလုံး:
- ဒါရိုက်တာ: 娄烨
- သွန်း: Hao Lei, 郭晓东, Hu Ling, Zhang Xianmin, Cui Lin, 曾美慧孜