バクマン。
ပုံဆွဲတော်ပေမဲ့ ဇာတ်လမ်းမစဉ်းစားတတ်တဲ့ မရှိရို (Takeru Satou)နဲ့ ပုံဆွဲအလွန်ညံ့ပြီး ဇာတ်လမ်းကောင်းရေးတတ်တဲ့ တကဂိ (kamiki ryunosuke) နှစ်ယောက်ပေါင်းပြီး မန်ဂက အဖြစ်ရပ်တည်ကြဖို့ အဖွဲ့ဖွဲ့လိုင်ကါတယ် ။ ခက်တာက သူတို့ဟာ အထက်တန်းကျောင်းသားတွေပဲ ရှိသေးပြီး တကယ့်နာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Shonen JUMPမှာ မန်ဂဆွဲချင်နေကြတာပါ။ဒါကြောင့် JUMP တည်းဖြတ်ဌာနကို စာမူကြမ်းသွားပြကြပြီး တဲဇုကဆုအတွက် ကြိုးစားကြပါတယ်။ ခက်တာက ဝါရင့်တွေအတွက်တောင် မလွယ်လှတဲ့အခန်းဆက်ထုတ်ဝေနိုင်ဖို့ကို လူသစ် အထက်တန်းကျောင်းသားလေးတွေက ဝင်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်နေပါတယ်။ ဒီနှစ်ယောက်ရဲ့ စိတ်အားထက်သန်မှုနဲ့ မန်ရကတွေရဲ့ အခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှူလိုက်ကြပါဦးရှင့်။
- နှစ်: 2015
- နိုင်ငံ: Japan
- အမျိုးအစား: Drama, Comedy
- စတူဒီယို: TOHO, Office Crescendo
- သော့ချက်စာလုံး: friendship, rivalry, coming of age, based on manga, drawing, art, comic book writer
- ဒါရိုက်တာ: 大根仁
- သွန်း: 佐藤健, 神木隆之介, 小松菜奈, 桐谷健太, 新井浩文, 皆川猿時