Kyss mig
မိဘချင်းစေ့စပ်ပွဲမှာ တွေ့ကြတဲ့ မီယာနဲ့ ဖရီဒါဆိုတဲ့ မိန်းကလေးနှစ်ယောက် အလုပ်ကိစ္စခရီးသွားကြရင်း တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေတဆင့်ပိုလာတဲ့အခါ တစ်ယောက်ကို တစ်ယောက်မချစ်မိအောင် ကြိုးစားကြရတာကို မြင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နောက် ၃ လနေရင် ကောင်လေးဖြစ်သူနဲ့ လက်ထပ်တော့မယ့် မီယာနှလုံးသားနေရာမှာ ဖရီဒါအစားထိုးလာတဲ့အခါ မီယာတစ်ယောက် ဘယ်လိုတွေဖြတ်သန်းခဲ့ရလဲ သူကိုယ်တိုင်ရော မိန်းကလေးချင်းချစ်တာကိုရော လက်ခံခဲ့လား ဖရီဒါအနေနဲ့လည်း သူ့ဘဝမှာ ပိုင်ရှင်ရှိတဲ့သူနဲ့ဘယ်တော့မှ မဖောက်ပြန်ဘူးလို့ ကြွေးကြော်ရင်း မီယာကိုမှချစ်မိသွားတဲ့အခါ ဘယ်လိုခက်ခက်ခဲခဲတွေဖြတ်သန်းခဲ့ကြမလဲဆိုတာတွေကို ရိုမန်တစ်ဆန်ဆန် ဒရာမာဆန်ဆန် ရိုက်ပြထားပြီး ဒရာမာကြိုက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။
- နှစ်: 2011
- နိုင်ငံ: Sweden
- အမျိုးအစား: Romance, Drama
- စတူဒီယို: Lebox Produktion AB, Film i Skåne, SVT
- သော့ချက်စာလုံး: parent child relationship, engagement, lesbian relationship, woman director, lesbian
- ဒါရိုက်တာ: Alexandra-Therese Keining
- သွန်း: Ruth Vega Fernandez, Liv Mjönes, Krister Henriksson, Lena Endre, Joakim Nätterqvist, Josefine Tengblad