Maybe We Broke Up
လမ်းခွဲပြီးကြတဲ့နောက်မှာ အဲဒီလူကိုမေ့ပစ်ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ။ သူနဲ့ပတ်သက်သမျှ အရာရာတိုင်းကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်ရုံနဲ့ သူ့ကိုမေ့နိုင်သွားပါ့မလား။ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ သူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်လာခဲ့ကြပြီး ချစ်သူတွေကနေ သူစိမ်းတွေပြန်ဖြစ်သွားကြတဲ့ ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ Move On လုပ်ဖို့ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့ကြပေမဲ့ ဘယ်လိုမှညှိနှိုင်းလို့မရတော့တဲ့ အခြေအနေကြောင့် တစ်လမ်းစီလျှောက်ကြဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ အနာဂတ်ဟာ ပျော်ရွှင်နိုင်ပါ့မလား။အဆင်မပြေတဲ့ချစ်သူနဲ့လမ်းခွဲပြီး အချစ်သစ်ကိုရော ရှာဖွေသွားနိုင်မှာလားဆိုတာ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
- နှစ်: 2023
- နိုင်ငံ: South Korea, Belgium, France, Italy, United States of America
- အမျိုးအစား: Romance, Drama
- စတူဒီယို: 26 Company, SND, Babe Films, Indigo Film
- သော့ချက်စာလုံး:
- ဒါရိုက်တာ: Hyung Seul-woo
- သွန်း: 이동휘, 정은채, 강길우, 정다은, 고규필, Jong Ho