1 ရာသီ
7 အပိုင်း
테이크 원
နယ်ပယ်ပေါင်းစုံမှာ ကိုယ်စားပြုရပ်တည်ခဲ့ကြတဲ့ နာမည်ကြီးအနုပညာရှင်တွေရဲ့ အိပ်မက်ထဲကစင်မြင့်ကို Take1 ပရောဂျက်ကြီးက အကောင်အထည်ဖော်ပေး သွားမှာပါ။ ကန့်သတ်ချက်အနေနဲ့ကတော့ Take1ဆိုတဲ့အတိုင်း တစ်ကြိမ်တစ်ခါအခွင့်အရေးကိုပဲပေး အပ်သွားမှာဖြစ်တဲ့အပြင်ကို Legendary Performance တစ်ခုအတွက် အနုပညာရှင်တွေအနေနဲ့ သီချင်းတစ်ပုဒ်ကိုပဲရွေးချယ် ခွင့်ရှိမှာပါ။ ဘဝမှာအလှပဆုံးကျန်ရှိနေစေမယ့် ဖျော်ဖြေမှုတစ်ခုအတွက်ရွေးချယ်နိုင်မှာက သီချင်းတစ်ပုဒ်တည်းဆိုတော့ရွေးချယ် လိုက်မယ့်သီချင်းက ဘယ်လောက်ထိအဖိုးတန်မလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။ သီချင်းရွေးချယ်မှု၊စတိတ်စင်ပြင်ဆင်မှု အပါအဝင် ဖျော်ဖြေပွဲနဲ့ ပက်သက်တဲ့ကိစ္စရပ်တိုင်းအတွက် လုပ်ပိုင်ခွင့်က ပါဝင်သွားမယ့် အနုပညာရှင်တွေရဲ့ လက်ထဲမှာပါ။ နာမည်ကြီးအ နုပညာရှင်တွေကိုယ် တိုင်စီစဉ်မယ့် ဖျော်ဖြေပွဲကအမိုက်စားတွေဖြစ်နေမှာတော့ အသေအချာပါပဲ။ စုစုပေါင်း အပိုင်း၇ပိုင်းပါဝင်သွား မှာဖြစ်ပြီးတော့ တစ်ပိုင်းစီမှာ အနုပညာရှင်၁ဦးစီနဲ့ ပက်သက်ပြီး ရိုက်ကူးထားတာပါ။
- နှစ်: 2022
- နိုင်ငံ: South Korea
- အမျိုးအစား: Documentary
- စတူဒီယို: Netflix
- သော့ချက်စာလုံး:
- ဒါရိုက်တာ:
- သွန်း: